မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူပြင်ဆင်မည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အချိန်ယူလေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။
မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းမှ ကွတ်ခိုင်တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ငွေများ ပေးအပ်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ခိုလုံရွာဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်း၌ သြဂုတ် (၂၉) ရက်၊ နံနက် (၁၀) နာရီတွင် မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းက ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား  ဆန်၊ ဆီ၊ ဆားနှင့် ထောင်ပံ့ငွေများ လာရောက်ကူညီ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Mr. Sok Chea အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ညောင်ဦးမြို့တွင် အစားအသောက်ဘေးကင်းစိတ်ချရေးအတွက် Food Safety ဓါတ်ခွဲခန်းတည်ဆောက်မည်
အစားအသောက် ဘေးကင်းစိတ်ချရေးအတွက် Food Safety ဓါတ်ခွဲခန်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဩဂုတ်လအတွင်း စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် ၃၀  ဩဂုတ် 

ပုသိမ်မြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း၊ အခြေခံအိမ်တွင်းမှုသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲများ ကျင်းပ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ (ဧရာဝတီတိုင်းဒေသကြီး) ရုံးကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၄) စာတွေ့သင်တန်းပြီးမြောက်မှု၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၉)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၈) သင်တန်းများဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၃၀)ရက် နံနက်(၈)နာရီအချိန်တွင် ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စုရှိ အိမ်တွင်းမှုသင်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပသည်။