ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သဘာဝဘေးဒဏ်ကျရောက်နေသည့် ဒေသများရှိရေဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်း
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သဘာဝဘေးဒဏ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ ကျင်းပပြုလုပ်သည်။






