အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ဆယ်သန်းကျော်အထိ ရောက်ရှိ

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာသစ် ၂၄၇၁၂ ဉီးရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၁၀၁၂၃၇၇၈ ဉီးသို့  ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။
အာဂျင်တီးနား နိုင်ငံက ရုရှားထုတ် ကာကွယ်ဆေးအား သုံးစွဲခွင့်ပြုလိုက်ပြီ
အာဂျင်တီးနား နိုင်ငံတွင်  ရုရှားထုတ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား ဗုဒ္ဓဟူးနေ့က  အရေးပေါ် သုံးစွဲခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။
ဗြိတိန်မှ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် ပါရှိသူများကို ပြင်သစ်က ဝင်ခွင့်ပြုမည်
ဗြိတိန်နိုင်ငံမှ ကုန်ကားမောင်းသမားများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း ဆေးစစ်ချက် ပါရှိပါက ဗုဒ္ဓဟူးနေ့မှစတင်ကာ ပြင်သစ်နိုင်ငံသို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ပြင်သစ်အစိုးရက  ထုတ်ပြန်ကြေညာခဲ့သည်။
အောက်စဖို့-အက်စတရာ ဇက်နီကာ ထုတ် ကာကွယ်ဆေးက ဗြိတိန်နိုင်ငံမှာ အသုံးပြုခွင့် တောင်းခံထား
အောက်စဖို့ဒ် တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီ အက်စတရာ ဇက်နီကာတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား အသုံးပြုခွင့် ရရှိရန် Oxford-AstraZeneca က ဗြိတိန်အစိုးရထံမှာ ခွင့်ပြုချက် လျှောက်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားပါတယ်။
ဗြိတိန်နိုင်ငံမှ တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်အချို့နှင့် ထိတွေ့ခဲ့သူများတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ
ဗြိတိန်နိုင်ငံမှ တောင်အာဖရိကနိုင်ငံသို့ သွားရောက်ခဲ့သည့် ပုဂ္ဂိုလ်အချို့နှင့် ထိတွေ့ခဲ့သူများတွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
လူ့ခန္ဓာကိုယ်ထဲမှ ပဋိပစ္စည်းက ကိုဗစ် - ၁၉ မျိုးဗီဇသစ်အပေါ် တုံ့ပြန်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လေ့လာနေ

ကိုဗစ် - ၁၉ ထောက်ပံ့ရေး ဥပဒေကြမ်း သမ္မတထရမ့် ပယ်ချ