ဗင်နီဇွဲလားနိုင်ငံမှာ လျှပ်စစ်မီး နောက်တစ်ကြိမ်ပျက်ရာ ပြည်နယ် ၁၇ ခု သက်ရောက်
ဗင်နီဇွဲလားနိုင်ငံမှာ ပထမအကြိမ် လျှပ်စစ်မီးပျက်အပြီး သီတင်းနှစ်ပတ်အကြာ၊ နောက်တစ်ကြိမ်ပျက်ရာ မြို့တော် ကာရာကတ်အပါအဝင် အနည်းဆုံး ပြည်နယ် ၁၇ ခုမှာ သက်ရောက်ကြောင်း သိရပါတယ်။ ဗင်နီဇွဲလားနိုင်ငံက ပြည်နယ် ၂၃ ခုနှစ်နဲ့ ဖွဲ့စည်းထားပါတယ်။





