ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်းမီဂီတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၂၄ ဦး ရှိလာ
ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းမီဂီတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၂၂၄ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ယနေ့တွင် ပြောကြားသည်။