အာဖဂန်နစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ဖြစ်ပွားသဖြင့် လူ ၄၆ ဦးထက်မနည်းသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းတွင် လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှု တို့ဖြစ်ပွားသဖြင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ ၄၆ ဦးထက်မနည်းသေဆုံးကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။






