ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဒုတိယအကြိမ်မြောက် ကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး ပြုလုပ်မည်
ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် အစီအစဉ်ဆွဲထားသည့် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအစီအစဉ်များ နှင့်ပတ်သက်ပြီး အလေးထားဆွေးနွေးမည်ဟု မျှော်မှန်းရကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ခ်ပန့်စ်က ပြောကြားသည်။