ဘားအံမြို့ရှိ ဟိုတယ်တစ်ခုတွင် အရက်အတူသောက်ရာမှ အချင်းများပြီး လူသတ်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တော်ပုံကျေးရွာတွင် ဖွင့်လှစ်ထားသော Hpaan Amata ဟိုတယ်တွင် ယမန်နေ့နံနက် အစောပိုင်းက ဝန်ထမ်းအချင်းချင်း အရက်အတူသောက်စားပြီး စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နမ့်ခမ်း၊ ပင်လောင်း၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင်   နမ့်ခမ်းမြို့နယ်၊ နမ့်မတီးကျေးရွာအနီး၊ နမ့်ခမ်း-မုံးဝီးသွားကားလမ်းတွင် မကြည်ဝင်း (ခ)ချိန်စန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၅,၈၅၀ ကိုလည်းကောင်း။
သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ လူနေအိမ်(၅)လုံး မီးလောင်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ ယနေ့ နံနက် ၅ နာရီခန့်က ဒေါ်တင်သန်း၏ နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းပြီး ဘုရားမီးပူဇော်ရာမှတစ်ဆင့်  မီးလောင်ခဲ့ပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ခဲ့ကာ လူနေအိမ်(၅)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ယခုနှစ် ၁၁ လအတွင်း လူကုန်ကူးမှု ၁၀၆ မှု ဖြစ်ပွားပြီး လူကုန်ကူးခံရသူ ၁၆၀ ရှိသည့်အနက် အမျိုးသမီး က​လေးငယ် ၃၇ ဦးပါဝင်
ယခုနှစ် ၁၁ လအတွင်း လူကုန်ကူးမှု ၁၀၆ မှု ဖြစ်ပွားပြီး လူကုန်ကူးခံရသူ ၁၆၀ ရှိသည့်အနက် အမျိုးသမီးက​လေးငယ် ၃၇ ဦးပါဝင်ကြောင်း လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရပ်ထားသောကားအတွင်း ဖုန်းအားသွင်းရာမှ အပူလွန်ကာ ကားမီးလောင်မှုဖြစ်ပွား
မြင်းမူမြို့ ထီးဆောင်းမျက်စိဆေးရုံရှေ့   ကားလမ်းဘေးတွင် ယနေ့ နံနက်  ၇ နာရီ မိနစ် ၂၀ ခန့်က  မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
မြန်အောင်မြို့နယ်  ခုနစ်အိမ်တန်းကျေးရွာတွင် လူနေအိမ် ငါးလုံး မီးလောင်မှုဖြစ်ပွား
မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စု ခုနစ်အိမ်တန်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လူနေအိမ် ငါးလုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။
မိုင်းဆတ်မြို့၌ နေအိမ်မီးရှို့မှုဖြစ်ပွား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ နတ်သျှင်နောင်လမ်း၌ ယမန်နေ့ ည ၆ နာရီ မိနစ် ၄၀ ခန့်က နေအိမ်မီးရှို့မှုဖြစ်ပွား၍ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။