အင်းစိန်မြို့နယ်၌ အမြင့်ပေ(၂၇)ပေရှိ မီးရထားဂုံးကျော်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ သေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အမြင့်ပေ(၂၇)ပေရှိ မီးရထားဂုံး ကျော်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ၍ သေဆုံးမှု အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။