တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

မင်္ဂလာပါ Myanmar Digital News ပရိတ်သတ်အတွက် တစ်ပတ်အတွင်း သိပ္ပံနဲ့ နည်းပညာသတင်းများ  စုစည်းမှုကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကဏ္ဍဟာ တစ်ပတ်အတွင်း သိပ္ပံနဲ့နည်းပညာရပ်ဝန်းက တီထွင်ဆန်းသစ်မှုတွေနဲ့ ...
ခေတ်သစ်လူသားတွေစတင်ခဲ့တာမဟုတ်တဲ့ ဥရောပကျောက်ခေတ် အစောဆုံးနံရံဆေးရေးပန်းချီလက်ရာတွေ လေ့လာတွေ့ရှိ
ကမ္ဘာ့ရှေးအကျဆုံးလို့ ယူဆရတဲ့ နှစ်ပေါင်းနှစ်သောင်းကျော်က ဥရောပကျောက်ခေတ်နံရံဆေးရေးပန်းချီ လက်ရာတွေဟာ ခေတ်သစ်လူသားတွေထက်စောပြီး ဥရောပကိုရောက်ရှိနှင့်ခဲ့ကာ လူသားတွေတွေးခေါ်ပုံနဲ့ ...
အာရှဆင်တွေမှာ လူတွေလိုပဲ မတူကွဲပြားတဲ့ စရိုက်လက္ခဏာတွေရှိ
ဖင်လန်နိုင်ငံ တထ်ကူး တက္ကသိုလ်မှ သုတေသီတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ သစ်ဆွဲဆင်တွေ အကြောင်းကို လေ့လာခဲ့ကြရာ အာရှဆင်တွေမှာ မတူကွဲပြားတဲ့ စရိုက်လက္ခဏာ အချက်သုံးချက်ကို အထင်အရှား တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေဟာ အသိဉာဏ် သတိရှိမှု၊ လူမှုရေးရာ နားလည်မှုနဲ့ ရန်လိုမှုတွေ ဖြစ်တယ်လို့ သုတေသီတွေ သတ်မှတ်ထားပါတယ်။
ပထမကမ္ဘာစစ် အတွင်းက စစ်သားရဲ့ ရုပ်အလောင်းကို ဆွေမျိုးတွေရဲ့ DNA နမူနာနဲ့ တိုက်ဆိုင် စစ်ဆေးပြီး အတည်ပြုနိုင်ခဲ့
ပထမကမ္ဘာစစ် အတွင်းက ဗာဒန်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ပြင်သစ်စစ်သား တစ်ဦးရဲ့ ရုပ်အလောင်းကို DNA နမူနာနဲ့ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် ဈာပနအခမ်းအနားနဲ့ သင်္ဂြိုဟ်ပေးသွားမယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရပါတယ်။
ဉာဏ်ရည်တု (Artificial intelligence-AI) တလွဲအသုံးချနိုင်ချေတွေ ရှိလာတဲ့အတွက် သတိထားဖို့ ကျွမ်းကျင်ပညာရှင်များ သတိပေး
ရွေးကောက်ပွဲရလဒ်တွေပြောင်းပစ်ဖို့ နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ဒရုန်းတွေ အသုံးပြုဖို့ အာဏာရှင်တွေ၊ ရာဇဝတ်ကောင်တွေနဲ့ အကြမ်းဖက်သမားတွေက ဉာဏ်ရည်တု (Artificial intelligence-AI) ကို တလွဲအသုံးချလာ နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဒီကနေ့ သတိပေးပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး မက္ကဆီကို ရေအောက်ဥမင်ထဲမှ ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိ
ရှေးဟောင်းသုတေသနပညာရှင်တွေဟာ မက္ကဆီကိုရှိ ကမ္ဘာ့အကြီးဆုံးရေအောက် ဥမင်ထဲကနေ မျောက်မောင်းမရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ အပါအဝင် အနုစိတ်ဖန် တီးပုံဖော်ထားတဲ့ မာယာနတ်ဘုရားတစ်ပါးရဲ့ ဗိမာန်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က အေအက်ဖ်ပီ သတင်းမှာ ရေးသားထုတ် ဖော်လိုက် ပါတယ်။ 
လူတွေဟာ နှစ်သက်ရာသီချင်းတွေကို အကြိမ်ကြိမ်နားထောင်ပြီး စိတ်သက်သာရာ ရယူလေ့ရှိကြောင်း လေ့လာတွေ့ရှိ
ချီကာဂိုပြည်နယ် မီချီဂန် တက္ကသိုလ်က သုတေသနပြုလုပ်သူတွေရဲ့ လေ့လာချက်များအရ လူတွေဟာ အကြိုက်ဆုံး တေးသီချင်းတွေကို ထပ်ကာထပ်ကာနားထောင်ပြီး သူတို့ရဲ့ စိတ်ညစ်စရာတွေကို ကုစားလေ့ရှိကြောင်း ထုတ်ပြန်လိုက်ပါတယ်။