အိုင်အက်စ် စစ်သွေးကြွများ သတ်ဖြတ်မှုကြောင့် လစ်ဗျားအလယ်ပိုင်းမှ ဓားစာခံ ၆ ဦး သေဆုံး
ပြီးခဲ့သည့် နှစ်လခန့်က လစ်ဗျားနိုင်ငံအလယ်ပိုင်း ဖူဂျဟာ မှ အစ္စလာ့မ်နိုင်ငံတော် အိုင်အက်စ် စစ်သွေးကြွများက ၎င်းတို့ပြန်ပေးဆွဲခဲ့သော ဓားစာခံ ၁၀ ဦးမှ ၆ ဦးကို ကွပ်မျက်ခဲ့ကြကြောင်း ဂျူဖရာ ခရိုင် အုပ်ချုပ်ရေးမှူး အော့သ်မန် ဟာဆူနာ က လစ်ဗျား အယ်အာရာ ရုပ်သံလွှင့်ဌာနကို ယမန်နေ့က ပြောကြားခဲ့သည်။