Latest News
နောက်ဆုံးရသတင်းများ
နေပြည်တော်၌ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းဖွင့်လှစ်
08/07/19
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ကျင်းပသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း(ဒက္ခိဏ)၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ
08/07/19
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် ဖြင့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးရွှေပြည်အေး(ဖယ်ခုံ)ရှိ စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းတက်ရောက်သူများနှင့်တွေ့ဆုံ
08/07/19
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် ဖယ်ခုံမြို့ရှိ ရွှေပြည်အေးမူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသားများနှင့် တွေ့ဆုံသည်။
နှစ်ပါးသွား Update ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်၁၈ရက်တွင် ရုံတင်ပြသမည်
08/07/19
နှစ်ပါးသွား Update ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ယမန်နေ့ညက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Gold Class Cinema အဆင့်မြင့် ရုပ်ရှင်ရုံ၌ပြသခဲ့ပြီး ရုပ်ရှင်ရုံကြီးများတွင် ဇူလိုင် ၁၈ ရက်မှစတင်ပြသမည်ဟု သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ
08/07/19
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် (အလုပ်သမားရေးရာဆိုင်ရာ) ဝန်ထမ်းများနှင့် နေပြည်တော်ရှိ ရုံးအမှတ်(၅၁)၊ စုဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် တွေ့ဆုံသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ ကျင်းပ
08/07/19
ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာနနှင့် မြန်မာရေးရာလေ့လာ ရေးအဖွဲ့တို့ပူးပေါင်း၍ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ “China-Myanmar Sustainable Development and Cooperation under the China-Myanmar Economic Corridor’’ ကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
08/07/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
08/07/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ ရုံးဝင်းအတွင်းရှိ ဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။
ပြဇာတ်နှင့်သရုပ်ဆောင်ခြင်းအနုပညာ ဟောပြောပွဲကျင်းပမည်
08/07/19
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ စီစဉ်သော ပြဇာတ်နှင့်သရုပ်ဆောင်ခြင်းအနုပညာဟောပြောပွဲကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မေလနှင့် ဇွန်လအတွက် MNL တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရခိုင်ကွင်းလယ်ကစားသမား အဘူကာကာရရှိ
08/07/19
မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချီးမြှင့်နေသည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ၏ မေလနှင့် ဇွန်လ အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရခိုင်အသင်း ကွင်းလယ်ကစားသမား အဘူကာကာ တို့က