Latest News

နောက်ဆုံးရသတင်းများ

အာရှနိုင်ငံဖြတ်ကျော် လမ်းကြမ်းတာဝေး ကားမောင်းပြိုင်ပွဲ ၂၀၁၉ ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ပြည်တွင်း

14/06/19

ရန်ကုန် ၁၄  ဇွန် 

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှနိုင်ငံဖြတ်ကျော် လမ်းကြမ်းတာဝေး ကားမောင်းပြိုင်ပွဲ ၂၀၁၉ (Sun Chlorella Asia Cross Country Rally 2019)ကို သြဂုတ်လ ၁၀ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပမည်

အားကစား

14/06/19

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပမည့် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ဇွန် ၂၃ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်းစင်တာ MCCခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လမ်းဘေးတွင်  ရပ်တန့်ထားသော ၆ ဘီးယာဉ်အား  ၁၂ ဘီးယာဉ်မှ ဝင်တိုက်မိ၍  ယာဉ်မောင်းတစ်ဦး သေဆုံး

မှုခင်း

14/06/19

ဝက်လက် ၁၄ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဇွန် ၁၄ ရက်  နံနက်  ၃ နာရီခွဲက ဝက်လက်မြို့နယ်  ကျီးကန်ကျေးရွာတောင်ဘက်တွင် လမ်းဘေး၌ ရပ်တန့်ထားသော ခြောက်ဘီး မော်တော်ယာဉ်၏ နောက်ပိုင်းအား (၁၂) ဘီး မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ရာ (၁၂) ဘီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

MIU ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစား

အားကစား

14/06/19

၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်နေသည့် MIU ဖူဆယ်အသင်းသည် ပထမပွဲအဖြစ် ယနေ့မွန်းလွဲပိုင်းက ထိုင်းနာမည်ကြီးကလပ် ဘန်ကောက် BTS အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

အာဆီယံ ယူ-၁၅ ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်း

အားကစား

14/06/19

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၅ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းကြီးများနှင့် တစ်အုပ်စုတည်း ကျရောက်နေသောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အားကုန်ထုတ် ကစားရမည်ဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

ပြည်တွင်း

14/06/19

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

14/06/19

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့်အတူ ဇွန် ၁၂ ရက်တွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကသာ) သို့ရောက်ရှိ စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များတွေ့ဆုံ

ပြည်တွင်း

14/06/19

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ်များသို့သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

အဖတ်များဆုံး သတင်း