Latest News

နောက်ဆုံးရသတင်းများ

ပဲခူး - ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉ လိုင်းကို အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွေ့ပြေးဆွဲရန်စီစဉ်

ပြည်တွင်း

04/07/24

ရန်ကုန် ဇူလိုင် ၄

ပဲခူး - ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉ လိုင်းကို အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ပြောင်းရွေ့ပြေးဆွဲရန် စီစဉ်‌နေလျက်ရှိပြီး၊ လက်ရှိတွင် ဂိတ်များဖွင့်ရန် အဆောက်အဦ ဆောက်လုပ်နေကြောင်း ပဲခူးအဝေးပြေးကော်မတီဝင် ဦးဘမြင့်က ဇူလိုင်  ၂ရက် က YRTC တွင် ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင်ပြောသည်။

ကောက်ရိုးမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးပါက စီးပွားရေး တွက်ခြေကိုက်ပြီး အဆင်ပြေနိုင်

ပြည်တွင်း

04/07/24

ရန်ကုန် ဇူလိုင် ၄

ရန်ကုန် မှိုဈေးကွက်အတွင်း ကောက်ရိုးမှိုမှာ ရောင်းအားအကောင်းဆုံး ဖြစ်နေကာ အဆိုပါ မှိုကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပါက စီးပွားရေး တွက်ခြေကိုက်ပြီး အဆင်ပြေနိုင်ကြောင်း မှိုစိုက်ပျိူးသူများထံမှ  သိရသည်။

နိုင်ငံတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လာပါက ချိတ်ဆက်ကူညီခြင်း၊ ကိုယ်တိုင်ကူညီခြင်းများ လုပ်နိုင်ရန် ပရဟိတအသင်းများ ဆောင်ရွက်နေ

ပြည်တွင်း

04/07/24

ရန်ကုန် ဇူလိုင် ၄

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လာပါက ချိတ်ဆက်ကူညီခြင်း၊ ကိုယ်တိုင်ကူညီခြင်းများ လုပ်နိုင်ရန် ပရဟိတအသင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အကြိမ်(၃၀)မြောက် အစည်းအဝေးကျင်းပ

ပြည်တွင်း

04/07/24

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု(ဗဟို) ကြီးကြပ်ရေးအဖွဲ့ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကတင်ကျေးရွာ သမဝါယမဝါစိုက်ခင်းများ ရေရှိရေး ဆောင်ရွက်

ပြည်တွင်း

04/07/24

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၏ စိုက်ဧက(၂၁၀) စိုက်ပျိုးရေရရှိရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းတိမ်(၇)တွင်း တူးဖော်ဆောင်ရွက်ပေးခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် အဆိုပါနေရာကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲတက်ရောက်

ပြည်တွင်း

04/07/24

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Board များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ပျဉ်းမနားမြို့နယ် မြို့တွင်းလမ်းဆုံ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

ပြည်တွင်း

04/07/24

နေပြည်တော် ဇူလိုင် ၄

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ချောင်းမကြီးဆည်၏ ရေဝေရေလဲဧရိယာ၌ ကျင်းပသည်။

တရားမဝင်ဓာတ်အားသုံးစွဲမှုများအား စစ်ဆေးဖော်ထုတ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရရှိရေး ကွင်းဆင်းစစ်ဆေး

ပြည်တွင်း

04/07/24

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင်အတွင်းရှိ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့ရှိ လျှပ်စစ်ရုံးများသို့ ကွင်းဆင်းစစ်ဆေးသည်။