Latest News

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၄/၂၀၂၃) ကျင်းပ

ပြည်တွင်း

28/12/23

နေပြည်တော် ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ပုံမှန်အစည်းအဝေး (၄/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

28/12/23

နေပြည်တော် ဒီဇင်ဘာ ၂၈

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ဒီဇင်ဘာ (၂၃)ရက်က မန္တလေး တိုင်းဒေသကြီး အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)စာအုပ်ထုတ်ပေးရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ ဩဝါဒခံယူခြင်း အခမ်းအနားသို့ တက်ရောက်

ပြည်တွင်း

28/12/23

နေပြည်တော် ဒီဇင်ဘာ ၂၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည့် ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ်ထုတ်ပေးရေး စခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများမှ ဩဝါဒခံယူခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အစည်းအဝေးကျင်းပ

ပြည်တွင်း

28/12/23

နေပြည်တော် ဒီဇင်ဘာ ၂၈

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၄၁)ကြိမ်‌မြောက် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်တွင်း

28/12/23

နေပြည်တော် ဒီဇင်ဘာ ၂၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အေလာကျေးရွာသို့ရောက်ရှိပြီး ဦးအေးထွန်း၏ ပြည်လုံး ချမ်းသာဆီစက် လည်ပတ်နေမှုနှင့် မြေပဲများကြိတ်ခွဲနေမှုကို ကြည့်ရှုအားပေးကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဖတ်များဆုံး သတင်း