Latest News
နောက်ဆုံးရသတင်းများ
ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး
28/12/23
ရန်ကုန် ဒီဇင်ဘာ ၂၈
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
28/12/23
နေပြည်တော် ဒီဇင်ဘာ ၂၈
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေ့စဉ်မိုးလေဝသသတင်း ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်
28/12/23
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မကွေးမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့၌ ကြည့်ရှုစစ်ဆေး
28/12/23
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နည်းပညာတက္ကသိုလ်(မကွေး)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
နိုင်ငံတော်သံဃမဟာနာယအဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနားကျင်းပ
28/12/23
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ရှိ မဟာဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
အနော်ရထာတံတား(ချောက်) ရေလမ်းပြောင်းလဲမည်
28/12/23
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ(၁၁၀)ရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် (၁၇)မီတာရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍၊ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသ၍ ညအခါမီးနီထွန်းပြသထားမည်။