Latest News

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပ

ပြည်တွင်း

20/12/23

နေပြည်တော် ဒီဇင်ဘာ ၂၀

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၄)ကြိမ် မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်  အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲတက်ရောက်

ပြည်တွင်း

20/12/23

နေပြည်တော် ဒီဇင်ဘာ ၂၀

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၁၀၁ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြည်တွင်း

20/12/23

နေပြည်တော် ဒီဇင်ဘာ ၂၀

အလယ်အလတ်အဆင့် (Grade-2) နှင့်အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၁၀၁ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

Mandalay International Trade Fair & Investment Forum 2023 ပြပွဲသို့ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကား

ပြည်တွင်း

20/12/23

Mandalay International Trade Fair & Investment Forum 2023 ကို ယနေ့ ဒီဇင်ဘာ ၂၀ ရက်မှ စတင်၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ကျင်းပလျက်ရှိရာ လာရောက်လေ့လာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

နေ့စဉ်မိုးလေဝသသတင်း ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်

မိုးလေဝသ

20/12/23

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်     တိမ်အနည်းငယ်    ဖြစ်ထွန်းနေပါသည်။

ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေ

ပြည်တွင်း

20/12/23

စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသနှင့် ရွှေဘိုကျောက်မြောင်းတွင် ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသားခရီးသွားများ ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်

အဖတ်များဆုံး သတင်း