Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း National Annual TB Evaluation Meeting (2022) အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
29/08/23
နေပြည်တော် သြဂုတ် ၂၉
အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲ(၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဦးစီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေးရက်သတ္တပတ် အခမ်းအနားတက်ရောက်
29/08/23
နေပြည်တော် ဩဂုတ် ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
29/08/23
နေပြည်တော် ဩဂုတ် ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ
29/08/23
နေပြည်တော် ဩဂုတ် ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ် (၁၄၈ ဒသမ ၉၉၈၁) တန် ဖမ်းဆီးရမိ
29/08/23
နေပြည်တော် ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ချင်းပြည်နယ် ဖလမ်းမြို့ တောင်တန်းသာသနာပြု ဗဟိုဘုန်းကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
29/08/23
နေပြည်တော် ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် ချင်းပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်များနှင့် သီလရှင်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုး မြို့သစ်မြို့နယ်နှင့် မကွေးမြို့နယ်တို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
29/08/23
နေပြည်တော် ဩဂုတ် ၂၉