မိတ္ထီလာမြို့ ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးသည့် မဲရုံများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု့ စစ်ဆေး
မိတ္ထီလာမြို့တွင် ယနေ့နံနက် ၆ နာရီမှ စတင်ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးသည့် မဲရုံများကို မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းနှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု့ စစ်ဆေးကြသည်။