ခရမ်းမြို့နယ် ညောင်ပင်သာကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်း

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချူပ်စက် သင်တန်းဆင်းပွဲကို ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
မိုင်းယန်းမြို့၌ ရိုးရာကျွဲခတ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာကျွဲခတ်ပွဲကို ဇန်နဝါရီ ၁၂ က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်း အမှိုက်များကင်းရှင်းစေရေး  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မျှဝေသောလက်များ (ပျဉ်းမနား) အသင်းမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ မြတ်ပညာမီးအိမ်ကိုယ်ပိုင် အထက်တန်းကျောင်း၊ SEC day special သင်တန်းနှင့် ရွှေအောင်လံဘော်ဒါတို့ ပူးပေါင်းပါဝင်ကာ ယနေ့ နံနက် ၆ နာရီမှစ၍ မြို့နယ်အတွင်း အမှိုက်များနှင့် အညစ်အကြေးများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။ 
ဂန့်ဂေါမြို့နယ်တွင် ဆောင်းသီးနှံများ ပိုးမွှားကျရောက်မှု ကွင်းဆင်းစစ်ဆေး
ဂန့်ဂေါမြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်းသီးနှံများတွင် ပိုးမွှားရောဂါကျရောက်မှုကြောင့် သီးနှံများပျက်စီဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဇန်နဝါရီ ၁၂ ရက်မှ စတင်ကာ စိုက်ခင်းများအရောက် ကွင်းဆင်းစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲများ ဆောမြို့နယ်၌ပြုလုပ်
စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် စာပေလေ့လာဖတ်ရှုရေး ဟောပြောပွဲများကို ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဂန့်ဂေါခရိုင် ဆောမြို့နယ်ရှိ ငှက်ပြာကျင်းကျေးရွာ မူလတန်း(လွန်)ကျောင်းနှင့် ငလယ်ခုံကျေးရွာ အလယ်တန်းကျောင်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၀က်လက်မြို့နယ်၌ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော 
အမျိုးသမီးရေးရာကော်မတီမှ အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သမံသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
၀က်လက်မြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေး
မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို ဇန်နဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သစ်စိမ့်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။