မြန်မာနိုင်ငံ၌ တတိယအကြီးဆုံးဖြစ်လာမည့် ကြေးသွန်းခေါင်းလောင်းကြီး ၈၀ ရာခိုင်နှုန်းခန့်ပြီးစီး
မြန်မာနိုင်ငံတွင် တတိယအကြီးဆုံးဖြစ်လာမည့် ကြေးပိဿာချိန် ၁၆၀ဝ၀ ကျော်ရှိ ခေါင်းလောင်းကြီးကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ရွာ ရွှေခေါင်းလောင်းခြံဝင်းအတွင်း၌ ဇန်နဝါရီ ၉ ရက် (ပြာသိုလပြည့်နေ့)က တမ္ပဝတီမှ ကြေးသွန်းပညာရှင်များနှင့် စတင်သွန်းလောင်းခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဖြစ်ကြောင်း အဆိုပါခေါင်းလောင်းအား သွန်းလောင်းဆောင်ရွက်နေသော ရွှေခေါင်းလောင်း ကြေးသွန်းပညာရှင် ကိုအောင်သန်းမော်ထံမှ သိရ






