အီရန်က အိန္ဒိယသမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်စဉ် ပြည်တွင်းဖြစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
အီရန်ရေတပ်သည် အိန္ဒိယသမုဒ္ဒရာ၏ မြောက်ဘက် ဒေသအစိတ်အပိုင်းများ၌ ရေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ရာ အဆိုပါ စစ်ရေးလေ့ကျင့်မှု အတောအတွင်း ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်အသစ်များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အီရန်အခြေစိုက် တာ့စ်နိမ်သတင်းအေဂျင်စီက ယနေ့ ဖော်ပြထားသည်။








