ရွှေ့ပြောင်းသွားလာသူ ၆၅ ဦး ကို မော်လ်တာသို့လွှဲပြောင်းပေးအပ်
ဂျာမနီ NGO အဖွဲ့က Alan Kurdi သင်္ဘောပေါ်တွင် ပါရှိသည့် ရွှေ့ပြောင်း သွားလာသူ ၆၅ ဦးကို ယမန်နေ့ ညနေနှောင်းပိုင်းက မော်လ်တာ တပ်မတော်ပိုင် ကင်းလှည့် သင်္ဘောတစ်စင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


