လေလံပွဲမှာ မိုနေးရဲ့ ကောက်ရိုးပုံ ပန်းချီကားက ဒေါ်လာ သန်း ၁၁၀ ကျော်သွား

အမေရိကန်နိုင်ငံ နယူးယောက်က လေလံပွဲမှာ ကမ္ဘာကျော် ပြင်သစ်ပန်းချီဆရာကြီး ကလောက်ဒီ မိုနေးရဲ့ ကောက်ရိုးပုံလို့ အမည်ရတဲ့ပန်းချီကား တစ်ကားကို က အမေရိကန်ဒေါ်လာ ၁၁၀.၇ သန်း နဲ့ ဝယ်သွားကြောင်း သိရပါတယ်။ 
ဂျပန်တွင် လူပေါင်း ၄၆၀ ကျော် ဝက်သက်ရောဂါ ကူးစက်
ယခုနှစ်အတွင်း နိုင်ငံအနှံ့တွင် ဝက်သက်ရောဂါ ကူးစက်သူ ၄၇၀ နီးပါးရှိကြောင်း ဂျပန် ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့များပို့မည်မဟုတ်ဟု ထရန့် ပြော
အီရန်နှင့် တင်းမာမှုအရှိန်မြင့်တက်လာလျှင် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၁၂၀ဝ၀ဝ ပို့ရန် အမေရိကန်အစိုးရက စီစဉ်နေသည်ဟူသော နယူးယောက်တိုင်းသတင်းစာ၏ သတင်းဖော်ပြမှုကို သမ္မတ ဒေါ်နယ်ထရန့်က ပယ်ချခဲ့သည်။
ဆော်ဒီအာရေးဘီးယားရှိ ရေနံပိုက်လိုင်းများကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်
နိုင်ငံတစ်ဝန်း ဖြတ်သန်းသွားသည့် ရေနံပိုက်လိုင်းတစ်ခုကို လက်နက်တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီအာရေဘီးယားနိုင်ငံက ပြောကြားသည်။
သီရိလင်္ကာနိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေး လူအုပ်များ တိုက်ခိုက်၊ တစ်ဦး သေဆုံး
လူအုပ်စုများက  သီရိလင်္ကာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းရှိ အစ္စလာမ်ဘာသာဝင်ပိုင် ဗလီကျောင်းများနှင့် ဈေးဆိုင်များကို တိုက်ခိုက်ခဲ့ပြီးနောက် လူတစ်ဦးသေဆုံးသွားကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ဆိုသည်။
ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေဒေါ်လာ ၄၈၀ဝ ရှိလာမည်ဟု စီးပွားရေးပညာရှင်များ ခန့်မှန်း

 

ဖမ်းဆီးခံကုန်တင်သင်္ဘာအား ပြန်လွှတ်ပေးရန် အမေရိကန်အား ပြုံယမ်းတောင်းဆို