ခြောက်ဘီးယာဉ် တောင်ကမ်းပါးဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ရာ လူလေးဦးသေဆုံး
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကုန်းပြင်အုပ်စုအတွင်းရှိ ငထူကြောသို့ ဧပြီ ၂၉ ရက်နေ့ညက သွားရောက်စဉ် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့  ဆိုင်ကယ် ၁၂ စီးခိုးမှုအား မင်းဘူးမြို့မရဲစခန်းမှ  စစ်ဆေးဖော်ထုတ်နိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးမြို့တွင် ဆိုင်ကယ်ခိုးယူသူ သုံးဦးနဲ့ ဆိုင်ကယ် ၁၂ စီးခိုးမှုအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။
ညောင်ဦးတွင် ညမထွက်ရအမိန့် မလိုက်နာသူ လူငယ် နှစ်ဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားရှိရာ ဧပြီ ၂၈ ရက်၊ ည ၁၀ နာရီခွဲခန့်က လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်ဦး - မြင်းခြံကားလမ်း ရွှေပြည်နန်း သနပ်ခါးခြံအနီး လမ်းမပေါ်တွင် လူငယ်နှစ်ဦးအားတွေ့ရှိ၍ ထုတ်ပြန်ထားသည့် အမိန့်အား လိုက်နာခြင်းပျက်ကွက်သည့်အတွက် တည်ဆဲဉပဒေဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 
ဖားကန့်၌ အမှိုက်သိမ်းယာဉ် ဘရိတ်ပေါက်ပြီး  ကားတစ်စီး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်တစ်လုံးတို့အား ဆင့်ကဲတိုက်မိမှုဖြစ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က အမှိုက်သိမ်းယာဉ် ဘရိတ်ပေါက်ပြီး ကားတစ်စီး၊ လမ်းဘေးဓာတ်တိုင်နှင့် အိမ်တစ်လုံးတို့အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆီးရီးယားတွင် ဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လူ ၄၀ ဦး သေဆုံး

ပန်းတနော်မြို့နယ်၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာ  ဆိုင်ကယ်မောင်းသူ သေဆုံး