Latest News

နောက်ဆုံးရသတင်းများ

မြိတ်၊ မောင်တော၊ မိုင်းဆတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

မှုခင်း

22/06/19

မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲက မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ မြတ်လေးလမ်းမပေါ်တွင် သန်းထိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ  ကိုလည်းကောင်း ဆက်လက်၍ ၎င်း၏နေအိမ်ကို ရှာဖွေရာ အိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,ဝ၀ဝနှင့် မော်တော်ဆိုင်ကယ်တစ်စီး ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ ဟားခါးမြို့နယ်ချွန်ကျုံးကျေးရွာသို့ နယ်လှည့်ကွင်းဆင်းဆေးကု

ပြည်တွင်း

22/06/19

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)၊ တပ်မတော်ဆေးရုံ ကုတင်(၁၀ဝ)မှ နယ်လှည့်ဆေး ကုသမှုအဖွဲ့နှင့် ခလရ ၂၆၆ မှ ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ ဦးဆောင်သော ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ ဇွန် ၂၂ ရက် နံနက် (၈ )နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအုပ်စု ချွန်ကျုံး အ.ထ.က သို့ရောက်ရှိပြီး ဒေသခံပြည်သူများအား အခမဲ့နယ်လှည့်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

ပြည်တွင်း

22/06/19

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် The Athenee Hotel , Grand Hall ၌ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Minister´s Meeting – AMM )သို့ တက်ရောက်သည်။

စစ်ကိုင်းမြို့တွင် ပထမဆုံး အခမဲ့ Food Box ထားရှိ

ပြည်တွင်း

22/06/19

စစ်ကိုင်းမြို့တွင် ပထမဆုံးအဖြစ် လမ်းသွား၊ လမ်းလာခရီးသွားများ အဆာပြေ စားသုံးနိုင်ရန်အတွက် မုန့်မျိုးစုံနှင့်အချိုရည်ဗူးများ ပါဝင်သည့် Food Box  ကို ဇွန် ၂၂ ရက်က စတင်ထားရှိခဲ့ကြောင်း ဦးစီးဆောင်ရွက်သူများထံမှ သိရသည်။

တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်ပနိုင်ရေး တတိယအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်တွင်း

22/06/19

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကလေးစာပေပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထိုင်းနိုင်ငံ တွင်ကျင်းပပြုလုပ်သည့် Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲတွင် မန္တလေးမြို့မှ အမျိုးသမီး ၅ ဦး ဆုရရှိ

ပြည်တွင်း

22/06/19

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲတွင် မန္တလေးမြို့မှ အမျိုးသမီး ၅ ဦး ဆုရရှိခဲ့ကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ပြည်တွင်း

22/06/19

၂၀၁၉ ခုနှစ် ဇွန် ၂၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့မဈေးရှေ့၌ ကျင်းပသည်။

အဖတ်များဆုံး သတင်း