Latest News
နောက်ဆုံးရသတင်းများ
ဒုတိယဝန်ကြီး ဦးကျော်လင်း နေပြည်တော်-တောင်ညို-တောင်တွင်းကြီးလမ်း၊ ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
22/06/19
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဇွန် ၂၀ ရက်က ပျဉ်းမနား-တောင်ညို-တောင်တွင်းကြီး မိုင် (၃၆/၄-၃၆/၅) ကြားတွင် Maccaferri ၏ နည်းပညာဖြင့် System Terramesh Geo Grid တို့ကို အသုံးပြု၍ (၁၂၇) မီတာအရှည်၊ (၁၀)မီတာအမြင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နည်းပညာအသစ်ဖြင့် မြေထိန်းနံရံအား စမ်းသပ် တည်ဆောက်ခြင်းဖြစ်၍ မိုးတွင်းကာလတွင် မြေထိန်းနံရံအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်၍ မှတ်တမ်းတင်ထားကြရန် မှာကြားသည်။
မုံရွာမြို့ ဗိုလ်ချုပ်လမ်းတစ်လျောက်နှင့် အဝိုင်းပတ်နေရာများတွင် လမ်းလယ်ဓာတ်တိုင်စိုက်ထူခြင်း လုပ်ငန်းများ လုပ်ဆောင်မည်
22/06/19
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် အဝိုင်းပတ်နေရာများကို အပိုင်း (၃)ပိုင်းခွဲပြီး လမ်းလယ်ဓာတ်တိုင် စိုက်ထူခြင်းများနှင့် မီးအလှဆင်ခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
(၅) ကြိမ်မြောက် ယောဂနေ့ အခမ်းအနား စစ်တွေမြို့၌ ကျင်းပ
22/06/19
ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အခမ်းအနားကို အိန္ဒိယကောင်စစ်ဝန်ရုံး (စစ်တွေ) မှ ကြီးမှူး၍ စစ်တွေမြို့ စစ်တွေဆိပ်ကမ်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝက်လက်မြို့နယ်တွင် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ကျေးရွာအရောက်ပေးအပ်
22/06/19
ဇွန် ၂၂ ရက် နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ အုပ်စုတွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများ ၅၀ ဦး ကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း သာမန်အဆင့် (၁/၂၀၁၉) သင်တန်းဖွင့်လှစ်
22/06/19
မြိတ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား လူမှုကရုဏာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်များကို နားလည်တတ်မြောက်စေရန်နှင့် တက္ကသိုလ်ကိုယ်စားပြု ထူးချွန်ကြက်ခြေနီလူငယ် မောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သာမန်အဆင့် သင်တန်းကို ယနေ့ နံနက်(၉)နာရီက မြိတ်တက္ကသိုလ် သီရေတာ အဆောင်(၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များသာမက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ကမ္ဘာ့အမွေအနှစ်တင်သွင်းနိုင်ရေး ဆွေးနွေး
22/06/19
နေပြည်တော် ၂၂ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် UNESCO အာရှ- ပစိဖိတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး Mr. Shigeru Aoyagi နှင့်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။
ပူတာအိုမြို့ စစ်ဘေးရှောင်စခန်း၌ ရွေ့လျားစာကြည့်တိုက်နှင့် တိုင်းရင်းဆေးကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်
22/06/19
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အိမ်တွင်းမီးဖိုချောင်သုံး တိုင်းရင်းဆေးဖက်ဝင် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် နည်လှည့်ဟောပြောပွဲနှင့် တိုင်းရင်းဆေး အသိပညာပေးခြင်းများကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် လုံးစွတ်ရပ်ကွက်၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်စခန်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရာသီတုပ်ကွေးရောဂါ(H1N1) နှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြေစိုက်ဘုတ်တွင် ပြသ
22/06/19
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်ပေါ်တွင် လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ(H1N1)နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလုထုများ ကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် (၁၂ပေ×၄ပေ) မြေစိုက်ဘုတ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များအား ယမန်နေ့ညနေပိုင်းက ပြသပေးခဲ့သည်။
Gonyi Shophouse ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်
22/06/19
မြန်မာ့ဂုဏ်ရည်လမ်းနဲ့ အထက်ပန်းဆိုးတန်းလမ်းထောင့်ရှိ Gonyi Shophouse အဆောက်အအုံ ရတနာပိုင်တိုင်စိုက်ထူခြင်းကို ဇွန် ၂၂ ရက် နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။