Latest News
နောက်ဆုံးရသတင်းများ
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ချောင်းဆုံမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ
25/05/23
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက ချောင်းဆုံ(အထက)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ကျင်းပ
25/05/23
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို .................
နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ၁၅၇၁၉ ဦး လာရောက်အပ်နှံပြီးဖြစ်
25/05/23
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး၌ မေ ၂၅ ရက်အထိ ကျောင်းသား ကျောင်းသူ ၁၅၇၁၉ ဦး လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။
မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်
25/05/23
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက မြင်းခြံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စပယ်ခန်းမ၌ ပြုလုပ်သည်။
ဟိုပုံးမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
25/05/23
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၅ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဟားခါးမြို့နယ်အတွင်း မိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်
25/05/23
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို မေ ၂၄ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပရာ ..............
ပွင့်ဖြူမြို့နယ်၌ မိုခါမုန်တိုင်းမိုးကြောင့် နွေနှမ်းစိုက်ခင်းနှင့် မိုးကြိုသီးနှံစိုက်ခင်း ဧကလေးသောင်းကျော် ရေနစ်မြုပ်ပျက်စီး
25/05/23
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများနှင့် မိုးကြိုသီးနှံစိုက်ခင်း ဧက လေးသောင်းကျော် ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းသင့် ဒေသခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေး
25/05/23
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက နေအိမ်လုံးဝပျက်စီးသွားသည့် ကျေးရွာ(၁၇)ရွာမှ အိမ်ထောင်စု (၃၇၅)စုအတွက် .............