Latest News
နောက်ဆုံးရသတင်းများ
ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်ရေပိုလွှဲတွင် ရေကစားသူများ စည်ကားလျက်ရှိ
15/04/23
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်တွင် ဆင်နွှဲလျက်ရှိရာ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အတွင်း သောက်သုံးရေ အခက်အခဲကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ လှူဒါန်း
15/04/23
ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ ရောက်ရှိလာမှုနှင့် အတူ မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကာလ အတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲများ ကြုံတွေ့ နေရကြောင်း သိရသဖြင့် ဧပြီ ၁၅ ရက် နံနက် ၈ နာရီက ညောင်ဦးမြို့ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတအသင်းသားများက သောက်သုံးရေ အခက်ကြုံ နေသည့် ညောင်ဦးမြို့နယ် ကန်စောက်ကျေးရွာနှင့် ထနောင်းဝန်း(န)ကျေးရွာမှ ဒေသခံပြည်သူများထံ ရေသယ် ယာဉ်ဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မဟာသင်္ကြန်အကြတ်နေ့ ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများ ယမန်နှစ်ထက် ပိုမိုစည်ကားလျက်ရှိ
15/04/23
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ် အရပ်ရပ် မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိပြီး ချောင်းသာကမ်းခြေတွင် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက အပန်းဖြေသူများ ယမန်နှစ်ထက် စည်ကားများပြားနေကြောင်း သိရသည်။
