ရန်ကုန်-ပုသိမ်လမ်း ပေ ၃၆၉ဝဝ ကျော်ကို ကွန်ကရစ်လမ်းခင်း

လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်း၏ လှိုင်မြစ်ကူး အမှတ်(၂) ဘုရင့်နောင်တံတားကြီး အဆင်းမှ ဗိုလ်ချုပ်မှတ်တိုင်အထိ လမ်းအရှည်ပေ ၅၁ဝဝ ၌ ၂ဝ၁၈ မေလက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ ရန်ပုံငွေဖြင့် တစ်ဖက်လေးလမ်းသွား ကွန်ကရစ် လမ်းအဖြစ် ခင်းခဲ့သည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ တည်းခိုဆောင်လုပ်ငန်းများ အိတ်ဖွင့်တင်ဒါလေလံပွဲ ပြုလုပ်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၉ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ မန်းရွှေစက်တော် ဘုရားပွဲတော် ကာလအတွင်း တည်းခိုဆောင်လုပ်ငန်းမျာ
သဖန်းဆိပ်ဆည်မှ လျာထားဧရိယာများကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆည်ရေပေးဝေမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်း ဆိပ်ဆည်ရေဖြင့် စိုက်ပျိုးထားသော မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာလာမည့် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဧရိယာများကို ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ ဆည်ရေပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများ ၂ဝ၁၈ ခုနှစ်အတွက် စာမူပေးပို့ရက် တိုးမြှင့်သတ်မှတ်
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများ ၂ဝ၁၈ ခုနှစ် အတွက် စာမူပေးပို့ရန် နောက်ဆုံး တင်သွင်းရမည့်ရက်ကို မူလက ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါ ပြိုင်ပွဲဝင်စာမူတင်သွင်းရန် နောက်ဆုံးရက်ကို ၂ဝ၁၉ ခုနှစ် မတ် ၈ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။
ဆောင်းခိုငှက်များ ထိန်းသိမ်းရေးနယ်မြေ အသိအမှတ်ပြုခြင်း အခမ်းအနား ဘိုကလေး၌ပြုလုပ်
မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား နိုင်ငံတကာအသိအမှတ်ပြု ဆောင်းခိုငှက်များ ထိန်းသိမ်းရေးနယ်မြေအဖြစ် အသိအမှတ်ပြုခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာကြပြီး ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိကြသည်။