ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးအား ကယ်ဆယ်ရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးရှိ အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့






