ဖောငမြှောင်တောင်ပိုးကျရောက်မှုကို စောင့်ကြပ်ကြည့်ရှုနိုင်မည့် ဟော်မုန်းထောင်ချောက်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများကို ဖျက်ဆီးတတ် သော ဖောငမြှောင်တောင်ပိုး ကျရောက်မှုကို စောင့်ကြပ်ကြည့်ရှု နှိမ်နင်းနိုင်ရန်အတွက် ဟော်မုန်း ထောင်ချောက် (Pheromone trap) အခု(၁၀ဝ)အား ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖြန့်ဝေပေးခဲ့ကြောင်း  သိရ
ပုလောမြို့နယ် (World Vision) ရုံးမှ မြို့နယ်အတွင်းရှိ ချို့တဲ့ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး ၁၀၉ စီး သွားရောက်လှူဒါန်းမည်

ပွင့်ဖြူမြို့၌ ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး (Penta-4)စတင် တိုက်ကျွေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးနှင့် ဆုံဆို့ - မေးခိုင် ပါဝင်သော ငါးမျိုးစပ် ကာကွယ်ဆေး စတင်ထည့်ကျွေးတိုက်နှံခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပ
ရေနံချောင်းမြို့တွင် စေတနာရှင်အလှူရှင်များက နှာခေါင်းစည်းများ တပ်ဆင်လှူဒါန်းပေး
ရေနံချောင်းမြို့တွင် Novel Corona Virus 2019 ရောဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် စေတနာရှင် အလှူရှင်များက နှာခေါင်းစည်း(Mask)များ တပ်ဆင်လှူဒါန်းပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက မြို့မဈေးထိပ် လမ်းမ တော်လမ်းမကြီး၌ ပြုလုပ်ခဲ့
ဓနုဖြူမြို့နယ်  သရောလှကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်ခဲ့သည့် ငနီတောင် ကျေးရွာ အုပ်စု၊ သရောလှကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ လမ်းဖွင့်ပွဲမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရ
သံတောင်ကြီးမြို့တည် နှစ်(၁၀ဝ)ပြည့်ပွဲတော် လာမည့် ဧပြီလတွင် ကျင်းပပြုလုပ်မည်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ နှစ်(၁၀ဝ)ပြည့်ပွဲတော်ကို လာမည့်ဧပြီလ ၂ ရက်နှင့် ၃ ရက်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ အီလက်ထရောနစ်အလှကုန် လူသုံးကုန်ပစ္စည်းနှင့် ကားပြပွဲကြီးကျင်းပမည်