Latest News
နောက်ဆုံးရသတင်းများ
မကွေးတိုင်း၌ အာဆီယံအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုသင်တန်း ၅ ကြိမ် ဖွင့်လှစ်ခဲ့ပြီး အဆင့်မီ သင်တန်းသား (၄၄၀)ဦးထိ ရှိနေပြီဖြစ်
28/06/19
မကွေးတိုင်းဒေသကြီး၌ တည်းခိုအိပ်ခန်းပေါင်း (၁၀၈၃)ခန်း ပါဝင်သည့် ဟိုတယ်၊ မိုတယ် ၄၄ လုံး ရှိနေပြီး အစိုးရသစ်ကာလ၌ အာဆီယံအဆင့်မီ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၅) ကြိမ်ဖွင့်လှစ်ခဲ့ကာ အဆင့်မီသင်တန်းသား (၄၄၀) ဦးထိ မွေးထုတ်နိုင်ခဲ့ကြောင်း မကွေးတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ICT for Education Forum ဒုတိယနေ့ဆက်လက်ကျင်းပ
28/06/19
“ICT ကိုအသုံးချလို့ ပညာခေတ်ကို ဖော်ဆောင်စို့” ဖိုရမ်၏ဆောင်ပုဒ်နှင့်အညီ ICT for Education Forum ဒုတိယနေ့ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ပွင့်ဖြူမြို့နယ်၌ လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ရ
28/06/19
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာအုပ်စု ကျောင်းစု ကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု မြင်းခြံစုကျေးရွာတို့တွင် ဇွန် ၂၈ ရက် နံနက် ၉ နာရီက ဧရာဝတီ မြစ်ကမ်းပါး ပြိုကျလာမှုကြောင့် လူနေအိမ် ၁၆ လုံး ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မြန်မာအမျိုးသမီးအသင်း ထွက်ခွာ
28/06/19
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအကြို ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ထွက်ခွာသွားခဲ့သည်။
မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကျင်းပ
28/06/19
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Trade Training Institute နှင့် ဥရောပသမဂ္ဂတို့၏ ပံ့ပိုးကူညီမှုဖြင့် တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ-၂၀၁၉ ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပသည်။
MNL တန်းဆင်းဇုန်အတွက် အရေးပါသည့်ပွဲတွင် Southern နိုင်ပွဲရရှိ
28/06/19
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ Southern အသင်းက Chinland အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ
28/06/19
နေပြည်တော် ၂၈ ဇွန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယမန်နေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ အစည်းအဝေးခန်းမ၌ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။
အလုပ်အကိုင် အခွင့်အလမ်း (၃၀ဝ၀) ခန့် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှခွင့်ပြု
28/06/19
နေပြည်တော် ၂၈ ဇွန်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက်ကြသည်။