Latest News
နောက်ဆုံးရသတင်းများ
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ
17/06/19
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လမ်းညွှန် အမှာစကားပြောကြား
17/06/19
ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ State Bank of Vietnam ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
17/06/19
နေပြည်တော် ၁၇ ဇွန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် State Bank of Vietnam မှ Deputy Governor ၊ Mrs. Nguyen Thi Hong ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁:ဝ၀)နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
17/06/19
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ဇွန် ၁၅ ရက် နံနက်ပိုင်းက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်အား တွေ့ဆုံ
17/06/19
နေပြည်တော် ၁၇ ဇွန်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီ အဖွဲ့ဝင် Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။
မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေ ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
17/06/19
မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့် လိုက်လျောညီထွေဖြစ်စေမည့် မြန်မာ့ ကျောက်မျက်ရတနာ နည်းဥပဒေများ ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး တက်ရောက်
17/06/19
ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဇွန် ၁၅ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသော ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
17/06/19
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေး အစဖြစ်သည့် ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း၏
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပမည်
17/06/19
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ နည်းပညာအကူအညီဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ
ကလေးငယ်များအား တစ်ကိုယ်ရေသန့်ရှင်းမှု ပြုမူတတ်စေရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်တတ်စေရန် ဟောပြောပြီး အခြေခံပညာကျောင်း(၇)ကျောင်းသို့ သန့်ရှင်းရေးသုံးပစ္စည်းများပေးအပ်လှူဒါန်း
17/06/19
ကျောက်ဖြူမြို့ သန္တာမြေဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အခြေခံပညာမူလတန်းကျောင်း(၇)ကျောင်းအား အမှိုက်ပုံး၊ အမှိုက်ဂေါ်ပြားနှင့်တံမြက်စည်းများလှူဒါန်းပွဲ အခမ်းအနားကို ယနေ့၊ မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဖြူမြို့၊ ဗိုလ်ချုပ်လမ်းနှင့်ဖြတ်လမ်း(၂)ရှိ Summit Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။