Latest News
နောက်ဆုံးရသတင်းများ
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ် စံပြကွက်နှင့် မျိုးသန့်ခြံ၌ မျိုးစေ့ထုတ် နှမ်းစိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
04/06/24
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၄ ရက် နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်း နွေနှမ်း ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ် စံပြကွက်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှု အခြေအနေနှင့် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ နွေနှမ်း(FS - RS) ဆင်းရတနာ(၄) မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
04/06/24
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်များ ရေစီးရေလာကောင်းမွန်စေရေး မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး
04/06/24
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် မြင်တော်သာလမ်းထောင့်ရှိ အမှတ်(၁၃) မြစ်ထွက်ပေါက်သို့စီးဆင်းသည့် ဧရာဝဏ် လမ်းဖြတ်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆယ်ယူပြီးအမှိုက်နှင့် နုန်းများစနစ်တကျစွန့်ပစ်ရန်၊ ရေမြောင်းပိတ်ဆို့မှုမရှိစေရေး မြစ်ထွက်ပေါက်အထိ ရှင်းလင်းရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထားဝယ်မြို့၌ ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
04/06/24
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး (၁၁၁၁)ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပ
04/06/24
ဗီယက်နမ်နိုင်ငံမှ အလှူရှင်များစုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး (၁၁၁၁)ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၌၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြန်လည်ဖွင့်လှစ်
04/06/24
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်းများနှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြန်လည်ဖွင့်လှစ်
04/06/24
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက်သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
04/06/24
နေပြည်တော်၊ ဇွန် ၄