Local Culture & Travel
Local Culture & Travel

တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ဘုရားဖူးဧည့်သည် အသွားများသောကြောင့် ဗူးဘုရားမှ တန့်ကြည်တောင်သို့စက်လှေသမားများ ပုံမှန်ထက် ပြေးဆွဲနေရ
22/11/18
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုများသောကြောင့် ဗူးဘုရားမြစ်ဆိပ်တွင် စက်လှေအငှားလိုက် ပို့ဆောင်သူများ သာမန်အချိန်ထက် အခေါက်ရေ ပိုဆွဲရပြီး စက်လှေလုပ်ငန်းရှင်များ တွက်ခြေကိုက်နေကြောင်း သိရသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် ပြည်တွင်းပြည်ပခရီးသွားဘုရားဖူးဧည့်သည် လာရောက်မှုများပြား
21/11/18
တန်ဆောင်တိုင်ပွဲတော်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ပုဂံမြို့ရှိသမိုင်းဝင်ဘုရားများတွင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ အများအပြား ဝင်ရောက်လျက်ရှိကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဌ(၁)ဦးဝင်းမြင့်မောင်က ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယခုနှစ် စက်တင်ဘာလအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် သုံးသိန်းကျော် ဝင်ရောက်မှုရှိလာ
20/11/18
ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း မန္တလေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၃၂၂၁၃၀ ဦး ဝင်ရောက်မှုရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ယခုနှစ် စက်တင်ဘာလအထိ နိုင်ငံတကာ ခရီးသွားဧည့်သည် သုံးသိန်းကျော် ဝင်ရောက်မှုရှိလာ
20/11/18
ယခု ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း မန္တလေးတိုင်းဒေသကြီး အတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၃၂၂၁၃၀ ဦး ဝင်ရောက်မှုရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရှိရသည်။

မြန်မာ-အိန္ဒိယ ယဉ်ကျေးမှုပူးပေါင်းဖလှယ် တေးဂီတဖျော်ဖြေပွဲကျင်းပ
19/11/18
အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဌာန မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မန္တလေးမြို့ရှိ K.A.F.T.G အဖွဲ့တို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်အရ အိန္ဒိယနိုင်ငံမှ Mr.Ghulan Qadir ဦးဆောင်သော Qawwali Evening တေးဂီတ ဖျော်ဖြေရေးအဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲကို

တတိယအကြိမ် TECHNICAL COORDINATION FORUM ON SAFEGUARDING BAGAN နှင့် ပထမအကြိမ် INTERNATIONAL COORDINATION COMMITTEE (ICC) ညှိနှိုင်းအစည်းအဝေး ကျင်းပ
19/11/18
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီများ၊ အထိမ်းအမှတ် အဆောက်အအုံများ ပြန်လည်မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် နည်းပညာဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး Technical Coordination Forum on Safeguarding Bagan နှင့် ပထမအကြိမ် International Coordination Committee (ICC) ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။

ရွှေနန်းတော်ကျောင်းအနီးရှိ ဓားခြစ်ပန်းချီကားများကို ပြည်ပခရီးသွားများ စိတ်ဝင်စားဝယ်ယူသူ များပြား
19/11/18
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်၊ ဒေါနဘွားရပ်ကွက် ၊ ၆၂လမ်း ၊ မဟာအတုလဝိဇယာရာမတိုက်ရွှေနန်းတော်ကျောင်းအနီးတွင် ရောင်းချလျက်ရှိသည့် ဓားခြစ်ပန်းချီကားများကို ပြည်ပခရီးသွားများ စိတ်ဝင်တစား ကြည့်ရှုဝယ်ယူမှု များပြားလျက်ရှိကြောင်း ပန်းချီဆရာဦးဆန်းကျော်ထံမှ သိရသည်။

ခရီးသည် ၆၀ဝ ကျော် လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောကြီး ရန်ကုန်မြို့သို့ ရောက်ရှိ
19/11/18
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီးများ လာရောက်မှုအနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သော ဇန်နဝါရီလမှ ဧပြီလအတွင်း အမေရိကန်နိုင်ငံမှ (၇)စီး၊ ဂျာမနီနိုင်ငံမှ (၂)စီး၊ ဗြိတိန်နိုင်ငံမှ (၁)စီး နှင့် ဂျပန်နိုင်ငံမှ (၂)စီး စုစုပေါင်း(၁၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့ ရွှေမုဌောစေတီတော်ကြီးတွင် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲမတိုင်မီ ပညာရှင် ၁၀ ဦးက သင်္ကန်းရက်ခတ်ပုံ ရှင်းလင်းပြသပေးမည်
19/11/18
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သမိုင်းဝင် ရွှေမုဌောစေတီရင်ပြင်တော်၌ (၃၁) ကြိမ်မြောက် တန်ဆောင်တိုင် ဆီမီးထွန်းပွဲနှင့် မသိုးသင်္ကန်းကပ်လှူပွဲကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်တွင် ညနေ ၅ နာရီမှ စတင်ကျင်းပမည်ဖြစ်သည်။

ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း နာဂခရီးစဉ် (JOURNEY TO THE NAGALAND) ကားမောင်းပွဲ (၉)ရက်ကြာကျင်းပမည်
18/11/18
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းဒေသများ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Myanmar Heritage Tourism Rally (MHTTR) အဖွဲ့တို့ ပူးပေါင်းကျင်းပမည့်