Local Culture & Travel

Local Culture & Travel

၂၀၁၈ ခုနှစ်၏ ငါးသန်းမြောက်ခရီးသည်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

16/11/18

မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အစည်ကားဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA) သည် All Nippon Airways (ANA) flight NH813 ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ရန်ကုန်သို့ ရောက်ရှိလာသော ၂၀၁၈ ခုနှစ်၏ ငါးသန်းမြောက်ခရီးသည်ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကြိုဆိုခဲ့သည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်/ ထွက် လည်ပတ်လျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

16/11/18

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ ရေမြေ တောတောင် သဘာဝအလှများ၊ ခရီးသွားဆွဲဆောင်သည့် နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက်မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်ရှိပါသည်။

လွိုင်ကော်မြို့၌ ဒေသဆိုင်ရာဧည့်လမ်းညွှန်အခြေခံ သင်တန်းဖွင့်

ယဉ်ကျေးမှုနှင့် ခရီးသွား

13/11/18

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ (လွိုင်ကော်ရုံးခွဲ)၏ စီစဉ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊

ကမ္ဘာလှည့်ခရီးသည်များ ကိုယ်ပိုင်မော်တော်ယာဉ်၊ ကိုယ်ပိုင်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်

ယဉ်ကျေးမှုနှင့် ခရီးသွား

13/11/18

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ် ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှု လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက္ကာကျေးရွာကို ယခုနှစ်တွင် မြိတ်ကျွန်းစု၏ ကျွန်းခရီးများအနက် ခရီးစဉ်အသစ်အဖြစ် တိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ယဉ်ကျေးမှုနှင့် ခရီးသွား

13/11/18

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပင်လယ်ပြင်အတွင်းရှိ ကဏန်းလက်မပုံသဏ္ဍာန် ကျွန်းပေါ်တွင် တည်ရှိပြီး ရေပေါ်၌ အိမ်များ တည်ဆောက်ကာ တစ်ရွာလုံးနီးပါး တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် ကျောက္ကာကျေးရွာကို

ပခုက္ကူမြို့၌ နိုင်ငံတကာဟိုတယ်အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းဖွင့်

ယဉ်ကျေးမှုနှင့် ခရီးသွား

12/11/18

ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာဆီယံအဆင့်(၁) နိ်ုင်ငံတကာ ဟိုတယ်အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၊ သင်တန်းခန်းမ၌ ကျင်းပသည်။

အင်းဝဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာမှုများပြား

ယဉ်ကျေးမှုနှင့် ခရီးသွား

11/11/18

မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို တစ်နေ့ထက်တစ်နေ့ ကမ္ဘာက သိလာသည်နှင့်အမျှ အဆိုပါလက်ရာမွန်များကို လေ့လာရန်အတွက် နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ မြောက်ဘက် ၂ မိုင် ၄ ဖာလုံ ၊ မန္တလေးမြို့၏ အနောက် တောင်ဘက် မိုင်(၂၀) ခန့်အကွာ ဧရာဝတီမြစ် နှင့် ဒုဌဝတီမြစ် (မြစ်ငယ်မြစ်) တို့ဆုံရာတွင် တည်ရှိသော အင်းဝမြို့ဟောင်း ဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

အမျိုးသားပြတိုက်(ရန်ကုန်)တွင် ဂန္ထဝင်သစ်ပန်းချီပြပွဲဖွင့်လှစ်

ယဉ်ကျေးမှုနှင့် ခရီးသွား

11/11/18

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကြီးမှူးကျင်းပသော “ ဂန္ထဝင် သစ်ပန်းချီပြပွဲ " (New Classic Art Exhibition)” ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက် ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် ကျင်းပခဲ့သည်။

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်

ယဉ်ကျေးမှုနှင့် ခရီးသွား

11/11/18

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့ ညောင်လေးပင်ဘူတာ၌ နိုဝင်ဘာ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီက ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း(ပထမ)အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြန်မာနိုင်ငံ ဂျပန်သံအမတ်ကြီး H.E Mr. Ichoro Maruyama တို့က အဖွင့်အမှာစကား ပြောကြားကြပြီး JICA အဖွဲ့၏ အထူးကိုယ်စားလှယ် Mr. Masayuki KARASAWA က လုပ်ငန်းဆောင်ရွက်ခွင့်ရရှိခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ရှမ်းပြည်တောင်ပိုင်းက ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ကလောမြို့

ယဉ်ကျေးမှုနှင့် ခရီးသွား

10/11/18

ကလောမြို့ကို ပလောင်လူမျိုးများက စတင်တည်ထောင်ခဲ့ပြီး ကလောက်ဟူသည့် ပလောင်စကားမှ ဆင်းသက်လာတဲ့အမည်ဖြစ်တယ်လို့ ဒေသဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြကြတယ်။ ရှေးလူကြီးများပြောကြတဲ့ ပါးစပ်ရာဇဝင်အရဆိုရင်တော့ စော်ဘွားများလက်ထက်မှာ နယ်မြေမတည်ငြိမ်မှုကြောင့် ဦးကလောဆိုသူက ယခု နေရာမှာ အခြေချ ပြောင်းရွှေ့နေထိုင်လာရာက ကလောမြို့ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။