ကရင်ပြည်နယ် တိုင်းရင်းသားများ ရိုးရာ စာပေ ယဉ်ကျေးမှုပွဲတော် ကျင်းပမည်
ဘားအံ ၈ ဖေဖော်ဝါရီ
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကရင်ပြည်နယ် တိုင်းရင်းသားများ ရိုးရာစာပေ ယဉ်ကျေးမှုပွဲတော်ကို ဘားအံမြို့ သီရိကွင်း၌ ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။