တံတားဦး ၁၀ ဧပြီ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းခွနယ်မြေရဲစခန်းအပိုင် စပါးတွင်းကျေးရွာတွင် ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မဖြင့် အရေးယူခြင်းခံရသူအား ဧပြီ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက အလုပ်နှင့် ထောင်ဒဏ် အမိန့်ချမှတ်ကြောင်း မြို့နယ်တရားရုံးမှသိရသည်။