Latest News

နောက်ဆုံးရသတင်းများ

ဝါးများရှားပါးလာခြင်းနှင့် ဈေးနှုန်းကြီးလာခြင်းကြောင့် ထိုင်ခုံရက်လုပ်သူများ အခက်ကြုံနေရ

ပြည်တွင်း

02/07/19

ဝါးများရှားပါးလာခြင်းနှင့်အတူ ဈေးနှုန်းကြီးလာခြင်းကြောင့် ဝါးဖြင့် ခုံရက်လုပ်သူများ အခက်ကြုံနေရကြောင်း ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ အမှတ် (၃) ရပ်ကွက်ရှိ ခုံရက်လုပ်သူများထံမှ သိရသည်။

သံတောင်မြို့ရှိ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ပြည်တွင်း

02/07/19

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သံတာင်မြို့ရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွား (၂၂)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြို့နယ် (ပြန်/ဆက်)မှ သိရသည်။

စံပါယ်နံ့သာ- ကန့်ဘလူ- ကျွန်းလှလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပြည်တွင်း

02/07/19

စံပါယ်နံ့သာ- ကန့်ဘလူ- ကျွန်းလှလမ်းပိုင်းအား ကတ္တရာလမ်းချဲ့ခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်း (Box Culvert) များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဖန်းဆိပ်ရေလှောင်တမံတွင် လက်ကျန်သိုလှောင်ရေ နည်းပါးနေသဖြင့် ဆည်ရေသောက်ဧရိယာများကို အလှည့်ကျစနစ်ဖြင့် ရေပေးဝေသွားမည်ဖြစ်ကြောင်း နှိုးဆော်

ပြည်တွင်း

02/07/19

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံတွင် ရေသိုလှောင်နိုင်သည့် ပမာဏ ဧကပေ (၂၈)သိန်းခန့်ရှိရာ ဇူလိုင် ၂ ရက်အထိ ရေလက်ကျန်မှာ (၆၉၆၄၉၇)ဧကပေသာ ကျန်ရှိတော့သဖြင့် မိုးစပါးလျာထား ဧရိယာများအား စိုက်ပျိုးရေအောင်မြင်စွာ ပေးဝေနိုင်ရန်အတွက် ဆည်ရေသောက်ဧရိယာများကို ဇူလိုင် ၃ ရက်မှစ၍ အလှည့်ကျစနစ်ဖြင့် ဆည်ရေများကို ပေးဝေသွားမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်ရှိ သပြေဝပင်မဓာတ်အားခွဲရုံတွင် 33KV Switch Bay တစ်စုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီး

ပြည်တွင်း

02/07/19

မိတ္ထီလာမြို့နယ်၌ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် သပြေဝပင်မဓာတ်အားခွဲရုံတွင် 33KV Switch Bay တစ်စုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ငွေဆောင်ကမ်းခြေ သန့်ရှင်းသာယာလှပစေရေး စုပေါင်းအမှိုက်ကောက်

ပြည်တွင်း

02/07/19

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ ချစ်သူများကျွန်းတွင် ယမန်နေ့ ညနေ ၃ နာရီက ကမ်းခြေသန့်ရှင်းသာယာ လှပစေရေးနှင့် လာရောက်အပန်းဖြေ လည်ပတ်ကြသော ဧည့်သည်များ စိတ်ချမ်းမြေ့စွာ အနားယူနိုင်စေရန်အတွက် စုပေါင်းအမှိုက်ကောက်ပွဲ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရေး ရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပြည်တွင်း

02/07/19

မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှ ရာအိမ်မှူးများနှင့် ရပ်ကွက်လူငယ်ခေါင်းဆောင်များ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့၊ စိတ္တသုခ ခြင်ဆေးဖျန်း ပရဟိတလူငယ်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက စိန်ကုန်းရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စိန်ကုန်းရပ်ကွက်မှ ဒေသခံရပ်မိရပ်ဖ ဦးဝင်းမင်းထွန်းထံမှ သိရသည်။ 

လယ်ယာကဏ္ဍအဆင့် ဝိုင်းဝန်းမြှင့်တင်

အယ်ဒီတာ့ အာဘော်

02/07/19

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၈ ရက်နေ့က ဓနုဖြူမြို့ လယ်ယာဝန်ဆောင်မှုစင်တာ၌ ကျင်းပသည့်ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေ