Latest News

နောက်ဆုံးရသတင်းများ

ပြင်ဦးလွင်မြို့နယ်၊ တာချီလိတ်မြို့နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပြည်တွင်း

01/11/24


နေပြည်တော် နိုဝင်ဘာ ၁
ပြင်ဦးလွင်မြို့နယ်၊ တာချီလိတ်မြို့နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်ညှိနှိုင်းရေးဆွဲရေး အစည်းအဝေး ကျင်းပ

ပြည်တွင်း

01/11/24


ရန်ကုန် နိုဝင်ဘာ ၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းများ ပြန်လည်စိစစ်ညှိနှိုင်းရေးဆွဲရေး အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပဉ္စမအကြိမ်မြောက် တရုတ် - မြန်မာ နှစ်နိုင်ငံတတ်သိပညာရှင်များ ဖိုရမ်သို့တက်ရောက်

ပြည်တွင်း

01/11/24


နေပြည်တော် နိုဝင်ဘာ ၁ 
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲ အစိုးရ၏ ဖိတ်ကြားချက်အရ တယ်ဟုန်းပြည်နယ်ခွဲ မန်စီမြို့တွင် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ်မြောက် တရုတ် - မြန်မာ နှစ်နိုင်ငံတတ်သိပညာရှင်များ ဖိုရမ်သို့ တက်ရောက်ခဲ့သည်။