Latest News

Latest News

တာမွေမြို့နယ်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာထပ်ပိုးလွှာခင်း

ပြည်တွင်း

18/12/21

ရန်ကုန်    ဒီဇင်ဘာ    ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်ရှိ မအူကုန်းလမ်းကျယ်တစ်လျှောက် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတား) ဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုင်လွန်ကတ္တရာခင်းခြင်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်

ပြည်တွင်း

18/12/21

တာချီလိတ်   ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာနှစ် နိုင်လွန်ကတ္တရာလမ်း ခင်း ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လမ်းဘေးရေနုတ်မြောင်းများ တူးဖော်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ပြည်တွင်း

18/12/21

ချောင်းသာ   ဒီဇင်ဘာ   ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက အထက(ချောင်းသာ)၌ ပြုလုပ်ခဲ့သည်။